Thursday, 28 November 2013

Facebook ဆိုင်ရာ နည်းပညာ

Facebookမှာ Log ကျနေတာကို ရအောင်ဖွင့်နည်း

 ရှာဖွေမွှေနှောက်ရင်း ရလာတဲ့ အသိတစ်ခုကို ပြန်လည်ဝေမျှတာပါ။

Facebook က များသောအားဖြင့်မြန်မာပြည်က ဖုန်းနံပါတ်တွေကို Code ပြန်မပို့တာများတယ်။
G-mail မှာပဲ Confirm code ပြန်ရောက်ပါတယ်။ အဲဒါကြောင့် Facebook ဟာ ဖွင့်တာလွယ်သလောက် log ကျလို့ Verify လုပ်ခိုင်းရင် မလွယ်တော့ပါဘူး။ ဒီနည်းလေးကတော့ မိမိဖုန်းနဲ့ Verify code တောင်းနည်းလေးပါ။
လွယ်လွယ်ကူကူဖြစ်အောင် အောက်မှာ ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။











 အရင်ဆုံး Textplus ဆိုတဲ့ Apk file လေးကို Down ပါ။ Play-store မှလည်း Download ယူနိုင်ပါတယ်။

<<<Textplus Apk Downnload Link>>> 
<<<Playstore Direct Link>>>

Down ပြီး Phone ထဲမှာ Install လိုက်ပါ။ ပြီးရင် ဖွင့်လိုက်ပါ။ အောက်ကပုံအတိုင်တွေ့ပါလိမ့်မယ်။
Sign Up ကိုနှိပ်ပါ။
 


 
နိုင်ငံနှင့် မိမိအသုံးပြုမည့် G mail ကိုထည့်ပါ။ 

 
မိမိရဲ့ G-Mail ကို Mail ပြန်ပို့ပါလိမ့်မည်။ 
 
 

မိမိရဲ့ Mail ထဲမှ Verify now ဆိုတာလေးကိုနှိပ်ပါ။ 
 



Verify လုပ်ပြီ်းသွားတာနဲ့အောက်ကပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်။


 
အောက်ကပုံလေးအတိုင်းသွားပြီး Setting ကိုနှိပ်ပါ 

ဒီအောက်ကပုံလေးအတိုင်းအောက်ဆုံးနားမှာရှိတဲ့ ဖုန်းနံပါတ်ကို စာရွက်ပေါ်မှာရေးမှတ်ထားလိုက်ပါ။





ဒီအထိ အားလုံးအဆင်ပြေမယ်ဆိုရင် နောက်တစ်ဆင့် ကိုသွားပါကြစို့။ 
Yuilop ဆိုတဲ့ Apk လေးကို ဒေါင်းလိုက်ပါ။

<<<Playstore Direct Link>>> 

<<<YuilopApk Download Link>>>

ပြီးရင် Install လုပ်လိုက်ပါ။
ပြီးရင် ဖွင့်လိုက်ပါ။ အောက်ပါပုံလေးအတိုင်းပေါ်လာပါမယ်။ 
 
 
အောက်ကနေရာမှ ခုနက Textplus မှာရရှိထားတဲ့ Phone Number ကိုထည့်ပေးပါ။ နိုင်ငံနေရာမှာတော့ United States ကိုဘဲရွေးပါ။ 


မိမိထည့်တဲ့ဖုန်းနံပါတ်မှန်ပြီဆို Yes ကိုနှိပ်ပါ။ 
 



 

ဒီအဆင့်ထိရောက်ပြီဆိုရင် Comfirm Code ကိုထည့်ပေးရမှာပါ။ အဲဒီCodeကိုတော့ ကျွန်တော်တို့ရှေ့မှာဖောက်ထားခဲ့ Text plus ရဲ့ sms ထဲမှာပါတဲ့ Code တွေကိုထည့်ပေးရမှာပါ။ 
 


အောက်ပါတစ်ဆင့်ကိုဆက်သွားရင် ဒီနေရာကိုရောက်ရှိသွားပါလိမ့်မယ်။ ဒီနေရာမှာ မိမိ Facebook မှာသုံးတဲ့ နံမည်နဲ့ G mail ကိုထည့်ပေးလိုက်ပါ။

 

ဒါဆိုရင်တော့ အောက်ကပုံအတိုင်း Yuilop ကနေသင့်ဖုန်းနံပါတ်တစ်ခုကို ရရှိမှာပါ။ 
 

Get This number ကိုနှိပ်ပါ။ 
 






 

အပေါ်ကပုံတွေအတိုင်း အားလုံးအဆင်ပြေပြီင်္ဆိုရင်တော့ အောက်ကပုံအတိုင်း သင့်ရဲ့ Profile နဲ့ ဖုန်းနံပါတ်ကို ရရှိသွားမှာဖြစ်ပါတယ်။ 
 


ပြီးရင်တော့ Lock ကျနေတဲ့ Facebook အကောင့်တစ်ခုကို ဖွင့်လိုက်ပါ။
ဖုန်းနံပါတ်တောင်းတဲ့နေရာရောက်ရင် နိုင်ငံနေရာမှာ United States(+1) ကိုရွေးချယ်ပြီး စောနက Yuilop မှာရထားတဲ့ဖုန်းနံပါတ်ကို ထည့်လိုက်ပါ။ 
 
 
အောက်ကပုံအတိုင်း sms ၀င်လာမှာပါ။ 

 

ဒါဆိုရင်တော့ အဲဒီ SMS ထဲက Code ကလေးယူပြီး Facebook ရဲ့  Confirm Code နေရာမှာထည့်လိုက်ရင် အားလုံးအဆင်ပြေသွားပြီင်္း မိမိရဲ့ Log ကျနေတဲ့ Facebook အကောင့်လည်း ပြန်လည်ရရှိသွားမှာပါ။
အားလုံးပဲ အဆင်ပြေကြပါစေ.....
မေတ္တာများစွာဖြင့်
Ko Myo-  <<<https://www.facebook.com/suehninsizaw>>>
<<<Page- ဆူးနှင်းဆီဇော်>>>


PDF file စာအုပ်အနေနဲ့ဖတ်ရှု့လေ့လာမယ်ဆိုရင်အောက်မှာဒေါင်းလိုက်ပါ
 Credit ကို - သဇင်ကိုကို နှင့် ကိုလမင်းမောင်ကို ပေးပါတယ်...

No comments:

Post a Comment